
'You make me Dance' ဒရမ်မာသည် မိသားစုရဲ့ အချစ်ကို မရခဲ့သော ရိုးရာခေတ်အကသမားဖြစ်အောင် ကြိုးစားနေတဲ့ကျောင်းသား Song Shi-on နှင့် အိပ်မက်တွေကိုစွန့်လွှတ်ပြီး ငွေချေးစာချုပ်လုပ်ငန်းကိုလုပ်ကိုင်သည့် Hong-seok Jin ရဲ့ အနီရောင်ခေါင်မိုးမှာ အတူတူနေတဲ့ အကြောင်းအရာဖြစ်သည်။
အထူးသဖြင့် ယခုနှစ် Busan International Film Festivalသို့ တရားဝင်ဖိတ်ကြားခံရပြီး ပရိသတ်များ၏ အားပေးခြင်း ရရှိခဲ့သော “Shining Moment” ရုပ်ရှင်ကို ရိုက်ကူးခဲ့သော ဒါရိုက်တာ So Jun-moon ပါဝင်ခဲ့ပြီး အားလုံး မျှော်လင့်စောင့်စားခဲ့သည်။ ဒါရိုက်တာ So Jun-moon ၏ နူးညံ့သိမ်မွေ့သော directing ဖြင့် BL web dramaကို ရိုက်ကူးသွားမည်ဆိုသည်မှာ အားလုံး စောင့်စားနေကြသည်။
W.Story မှ ထုတ်လုပ်သော 'Where Your Gaze Stays' နှင့် ' Mr Heart'တို့ကို တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၂၀၀ ကျော်တွင် တစ်ပြိုင်နက်တည်းထုတ်ဝေခဲ့ပြီး တရုတ်နိုင်ငံရှိ K-drama အမျိုးအစား Weibo တွင် နံပါတ် ၁ နှင့် အထွေထွေအမျိုးအစားတွင် နံပါတ် ၁ နေရာတွင် ရှိသည်။ ဂျပန်နိုင်ငံမှ Rakuten TV ဇာတ်ကားအမျိုးအစားတွင် နံပါတ် ၁ ဖြစ်ပြီး Netflex တွင် ထုတ်လွှင့်ခဲ့ရာ ရုပ်ရှင်ပွဲတော်သို့ ဖိတ်ကြားခြင်းခံရသည်။
အခြားတစ်ဖက်တွင်မူ 'You Make Me Dance' သည် ဖေဖော်ဝါရီလအကုန်တွင် ဂျပန်၊ အရှေ့တောင်အာရှ၊ အမေရိကနှင့်ဥရောပ၊ Rakuten TV၊ WiTV၊ Rakuten Vicky အပါအ၀င် တစ်ကမ္ဘာလုံး တစ်ပြိုင်တည်းထုတ်ဝေရန် နောက်ဆုံးအဆင့် တည်းဖြတ်ခြင်းကို လုပ်ဆောင်လျက်ရှိသည်။