



Yoo Ah-in မကြာသေးမီက ၂၀၂၁ ခုနှစ် နွေဦး collectionအတွက် ဖက်ရှင်အမှတ်တံဆိပ် Valenciaga ၏ WFP စုဆောင်းမှုကို ၀တ်ဆင်ခဲ့ပြီး ဖက်ရှင်မဂ္ဂဇင်း ARENA ၏ မျက်နှာဖုံးတွင် World Food Programme (WFP) ၏ 'Zero Hunger' ၏ ပေးချင်သော စကားကို ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် နွေဦး collectionတွင် မိတ်ဆက်သည့် Valencia ၏ WFP collectionမှရရှိသော ငွေအားလုံးကို WFP အဖွဲ့အစည်းသို့ လှူဒါန်းမည်ဖြစ်သည်။
Yoo Ah-in က “သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကောင်အမျိုးမျိုးကို သရုပ်ဆောင်နိုင်ပြီး အပြောင်းအလဲလုပ်ပေးနိုင်ရမှာက သရုပ်ဆောင်တစ်ယောက်ရဲ့ အိမ်စာပဲဖြစ်တယ်” ဟု ပြောခဲ့သည်။ ပြီးခဲ့သည့် ၁၈ နှစ်အတွင်း သူ၏သရုပ်ဆောင်လှုပ်ရှားမှုများနှင့် သရုပ်ဆောင်နှင့် လူသားတစ်ယောက်အနေဖြင့် သူ၏စဥ်းစားရမည့် အကြောင်းအရာများကို ပွင့်လင်းစွာ ပြောကြားခဲ့သည်။
ထို့အပြင် Yoo Ah-in သည် ပြီးခဲ့သည့်နှစ်က '#Alive' နှင့် ‘Voice of Silence’ ရုပ်ရှင်ဖြင့် ပရိသတ်နှင့်တွေ့ဆုံခဲ့သည်။ လက်ရှိတွင် သူသည် 'The Match' ရုပ်ရှင်ကို ရိုက်ကူးနေသည်။ နောက်တစ်ခုမှာ Netflix ၏ မူလစီးရီး 'Hellbound' ဖြစ်သည်။