


ယုံကြည်မှု အပြည့်ရှိသော Singleလေးတွေအတွက် ရွှင်လန်းဖွယ်ကောင်းသော လူနေမှုပုံစံ မဂ္ဂဇင်းဖြစ်သည့် 'SINGLES' သည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ကိုက်ညီသော North Face၏ ambassador အဖြစ် ရွေးချယ်ခံရသော WEi Kim Yohan၏ မဂ္ဂဇင်း ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်
Kim Yo-han သည် Produce X101 တွင် ပါ၀င်ခဲ့ပြီး ပထမနေရာ ရရှိခဲ့ပြီးနောက် WEi ၏ အဖွဲ့ဝင်အဖြစ်နှင့် သရုပ်ဆောင်အဖြစ် တစ်ကိုယ်တော်အဆိုတော်အဖြစ် တက်ကြွစွာ ပါဝင်ခဲ့သည်။ မကြာသေးမီက သူသည် Kakao တီဗီ မူရင်းဇာတ်လမ်းတွဲ “A Love so Beautiful” တွင် အမျိုးသားဇာတ်ဆောင်အဖြစ် လူသိများခဲ့သည်။
“A Love so Beautiful”သည် အချစ်ဇာတ်လမ်းဖြစ်သည်။ ငယ်စဉ်ကလေးဘဝသူငယ်ချင်း Cha Hun ကို ၁၇ နှစ်ကြာ တစ်ဖက်သတ် ကြိုက်ခဲ့သည့် ချစ်စရာကောင်းသော အထက်တန်းကျောင်းသူ Shin Sol အကြောင်းနှင့်အတူသူငယ်ချင်းငယ်များအကြောင်း ဇာတ်လမ်းပင်ဖြစ်သည်။ တနင်္လာနေ့၊ ကြာသပတေးနှင့် စနေနေ့တိုင်း ညနေ ၅နာရီတွင် Kakao TV မှထုတ်လွှင့်သည်။