
IU သည် အွန်လိုင်းmusic siteအမျိုးမျိုးမှ ၂၇ ရက်နေ့ ညနေ (၆ : ၀၀) နာရီတွင် သီချင်းသစ် Celebrityကို ကြေငြာခဲ့သည်။
'Celebrity' သည် IU ပြင်ဆင်နေသည့် album အသစ်မှ သီချင်းဖြစ်သည်။ IU သည် လွန်ခဲ့သာ (၉) ရက်နေ့က “35th Golden Disk Awards” တွင် digital music sector award အား ရရှိသည့်အချိန်တွင် သီချင်းသစ်အကြောင်းကို ပြောပြခဲ့လို့ ပရိသတ်များ စောင့်မျှော်နေကြသည်။
IU၏ 'Celebrity' သည် music chartတွင် ၂၈ ရက်မြောက် နံနက် ၈ : ၀၀ နာရီအရ ပထမနေရာတွင်ရှိနေပြီး IU ၏ သီချင်းပါဝါကောင်းကြောင်း သိနိုင်သည်။ ဒါ့အပြင် ဒီသီချင်းသစ်ဟာ iTunes Song Chart နိုင်ငံ ၆ ခုမှာ နံပါတ်တစ်နေရာကို ရောက်ရှိခဲ့ပြီး ပြည်ပပရိသတ်တွေရဲ့ လူကြိုက်များမှုကို ထင်ရှားစေပါသည်။
၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် YouTube ၏ လူကြိုက်များသော ဗီဒီယိုများတွင် 'Celebrity' music video ကို ပထမနှင့်ဒုတိယနေရာတွင် တင်နိုင်ခဲ့သည်။ ပထမနေရာမှာ ကြည့်ရှုသူ ၆.၃၃ သန်းနှင့်အတူ Wonder K ရုပ်သံလိုင်းတွင် တင်ထားသောဗီဒီယိုဖြစ်သည်။ နံပါတ် ၂ သည် IU ၏ တရားဝင်ဗီဒီယိုတွင် ကြည့်ရှုသူ ၄၇၀,၀၀၀ ကျော်ရှိသည်။
တစ်ချိန်တည်းမှာပင် IU သည် လက်ရှိ 2017 ပုံမှန် ၄ ကြိမ်မြောက်အယ်လ်ဘမ် 'palette' ပြီးနောက် လေးနှစ်အကြာမှ ပုံမှန် ၅ ကြိမ်မြောက်အယ်လ်ဘမ်ကို ပြင်ဆင်နေသည်။