
'Dear.M' (ဇာတ်လမ်း Seul Lee / ဒါရိုက်တာ Park Jin-woo၊ Seo Ju-wan)သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ စပြီး ထုတ်လွှင့်ပြသမည့် KBS2 သောကြာနေ့ စပါယ်ရှယ်ဒရမ်မာဖြစ်ပြီး playlist ထုတ်လုပ်သော web drama မှထုတ်လွှင့်ပြီး love playlist၏ အကြောင့်းကို မျှဝေရန်စီစဉ်ထားသည်။
'Dear.M'သည် Seoyeon တက္ကသိုလ်ကို ဇောက်ထိုမိုးမျှော်ဖြစ်စေသော အချစ်ကြောင်း ဖွင့်ပြောခြင်းစာ၏ အဓိကဇာတ်ကောင်ဖြစ်သည့် 'M'ကို ရှာဖွေသော အကြောင်းကို ပြသသည့် ဒရာမာဖြစ်သည်။ Park Hye-soo နှင့် NCT Jaehyun တို့ သရုပ်ဆောင်အဖြစ် ပါဝင်မည် ဖြစ်သောကြောင့် ပရိသတ်များ အထူး စိတ်ဝင်စားနေကြသည်။
Jaehyun သည် ကွန်ပျူတာမေဂျာ စံပြကျောင်းသားအဖြစ် ပထမဆုံး သရုပ်ဆောင် challengeလုပ်ခဲ့သည်။ စိန်ခေါ်မှုတွင်ပါဝင်သည်။
Jaehyun ၏ ဇာတ်ကောင် Cha Min-ho သည် အစသန်ပြီး သတ္တိရှိသူဖြစ်သည်။ သူသည် Maju-ah(Park Hye-soo)နှင့် ၁၂ နှစ်ကြာ အကောင်းဆုံးသူငယ်ချင်းဖြစ်ပြီး သူတို့သည် မောင်နှမအရင်းလို ခင်ကြသည်။ အထူးသဖြင့် Maju-ah (Park Hyo-soo) နှင့် အတူရှိပါက Cha Min-ho (Jaehyun) ပိုပြီး အစသန်သည်။
ထို့အပြင် ၂၆ ရက်နေ့တွင် 'Dear.M' ဒရမ်မာသည် အဆောင်ပုံစံ ပိုစတာကို ထုတ်ပြန်ခဲ့သည်။
ဖြန့်ချိသော ပိုစတာတွင် Park Hye-soo (Maju-ahအဖြစ်)၊ Roh Jung-eui (Seo Ji-minအဖြစ်), U Dabi (Hwang Bo-youngအဖြစ်) နှင့် Jaehyun (Cha Min-hoအဖြစ်), Bae Hyun-sung (Park Haeulအဖြစ်) ) နှင့် Lee Jin-hyuk (Gil Mok-jinအဖြစ်)အမျိုးသမီးအဆောင်အခန်းဖော်များအနေဖြင့် အိပ်ရာပေါ်တွင် ထိုင်နေသော ပုံစံ ပါခဲ့သည်။

KBS 2TV သောကြာနေ့ စပါယ်ရှယ်ဒရမ်မာဖြစ်သော “Dear.M” ကို ဖေဖော်ဝါရီ ၂၆ ရက် သောကြာနေ့ ၁၁ : ၁၀ နာရီတွင် ပထမဆုံးအကြိမ်ထုတ်လွှင့်ရန် စီစဉ်ထားသည်။