
Akdong Musician သည် အဆိုတော် တေးရေးဆရာ နှစ်ယောက်အဖွဲ့အဖြစ် YG Entertainment မှ မောင်နှမများဖြစ်သော Lee Chan-hyuk နှင့် Lee Soo-hyun တို့ဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၂ ခုနှစ်တွင် သူတို့သည် SBS တွင် ထုတ်လွှင့်ပြသသည့် K-Pop Star 2 အစီအစဉ်တွင် ပါ၀င်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ သူတို့၏ ကိုယ်ပိုင်သီချင်းများဖြစ်သော'Do Not Cross Your Legs', 'Ugly', and 'You are Attractive'စသည်တို့သည် အားပေးမှု ကောင်းကောင်းရရှိခဲ့သည်။ Lee Chan-hyuk ၏ folk၊ jazz၊ dance နှင့် balladကဲ့သို့သော မည်သည့်အမျိုးအစားကိုမဆို ရေးသားနိုင်စွမ်းနှင့် Lee Soo-hyun ၏ သရုပ်ဖော်နိုင်သည့် အသံစွမ်းရည်သည် သဟဇာတဖြစ်ပြီး ဂီတစွမ်းရည်နှင့် လူကြိုက်များမှုနှစ်မျိုးလုံးရှိသောအဖွဲ့ ဖြစ်သည်။
AKMU Lee Chan-hyuk က “ရိုးရိုးသားသားပြောရရင် YG လို ကိုယ့်အဆိုတော်တွေကို စဥ်းစားပေးတဲ့ ကုမ္ပဏီကို ရှာရတာခက်တယ်” ဟုပြောကြားခဲ့သည်။
Lee Soo-hyun က "ပင်စည်ယူရင်ယူလိုက်မယ်၊ YGကနေ ထွက်ဖို့ တစ်ခါမှ မစဥ်းစားဘူးပါဘူး" လို့ စာချုပ်သက်တမ်းတိုးရခြင်း၏အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။
YG က “AKMU” သည် ငယ်ရွယ်သေးသည်ဟုဆိုသော်လည်း စဥ်းစားတာ လေးနက်ပြီး ရင့်ကျက်ပါသည်။
AKMU ၏ နှစ်ရှည်သက်တမ်းတိုးစာချုပ်ကို YG ၏ အမှုဆောင်အရာရှိများနှင့်၀န်ထမ်းများအား အလွန် စိတ်စွဲမှတ်သွားစေခဲ့သည်။ အနာဂတ်တွင် အနုပညာရှင်ကောင်းအဖြစ် ရင့်ကျက်လာနိုင်ဖို့ ကျွန်ုပ်တို့အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်သည်။” ဟု ပြာကြားခဲ့ပါသည်။