
StoryWiz (စီအီးအို Dae-jin Jeon) သည် ဝက်ဘ်စိတ်ကူးယဉ်အခြေခံထားသော အရင်းအမြစ်IP (ဉာဏ်ပညာမူပိုင်) ကို အသုံးပြုသည့် ပြည့်စုံသော ဗီဒီယိုစီမံကိန်းကို စတင်ခဲ့သည်။ ပထမဦးဆုံးအနေဖြင့် ဒုတိယအကြိမ်မြောက် Blyth Competition BL အမျိုးအစားအပိုင်းတွင် ဆုရရှိခဲ့သော 'Color Rush' ကိုရွေးပြီး ဒရာမာဇာတ်ကားအဖြစ် ရွေးချယ် ရိုက်ကူးခဲ့သည်။
အခြားတစ်ဖက်တွင်မူ အ'Color Rush' သည် ဇာတ်လမ်းတွဲ အပိုင်း ၈ ခု (ဇာတ်လမ်းတွဲတစ်ခုလျှင် ၁၅ မိနစ်) ဖြင့်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာကြီးကို ခဲရောင်အဖြစ်သာ မြင်နိုင်သည့် Yeon-woo (Yoo-jun)သည် Yuhan (Heo Hyunjun) နှင့် တွေ့သောအခါ အရောင်စုံလင်စွာ မြင်တွေ့နိုင်သည့် အဖြစ်အပျက်နှင့်ပတ်သက်သော အကြောင်းအရာဖြစ်သည်။
'Color Rush' သည် Viki Global အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၄ ဖြစ်ပြီး၊ Viki ကိုရီးယားဒရာမာအဆင့်တွင် နံပါတ် ၁၀ နေရာ၊ VIU ကမ္ဘာလုံးဆိုင်ရာဒရာမာအဆင့် တွင်နံပါတ် (၉)၊ Romance အဆင့်တွင် နံပါတ် (၂)၊ Line TVတွင်နံပါတ် (၁)၊ Line TV ထိုင်ဝမ်အဆင့်တွင် နံပါတ် (၇) ရှိသည်။ တရားဝင် ဖြန့်ဖြူးထားခြင်း မရှိသော Weibo ကိုရီးယားဒရာမာအဆင့်တွင် ပထမနှင့် ဒရာမာအားလုံး အဆင့်တွင် နံပါတ် ၁၁ ဖြစ်သည်။