
The Lord of the Rings ဇာတ်ကား၏ ဒါရိုက်တာဖြစ်သော Peter Jacksonသည် ၁၉၅၆ ခုနှစ်တွင် Michael Lindsay Hog ရိုက်ကူးသည့် The Beatles၏ ၅၆ နာရီစာနှင့် နာရီ ၁၅၀စာ ဗီဒီယိုဖြင့် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးသည်ကို ပြောခဲ့သည်။
ဒီရုပ်ရှင်ကို နောက်နှစ် သြဂုတ်လမှာ အမေရိကမှာ ပထမဆုံးအကြိမ် ပြသမှာဖြစ်ပြီး၊ ၂နှစ်အကြာတွင် ပထမဆုံးဖျော်ဖြေပွဲအတွက် ပြင်ဆင်ခြင်း၊ သီချင်းအသစ် ၁၄ ပုဒ်ရေးသားခြင်းနှင့် John Lennon, Paul McCartney, George Harrison နှင့် Ringo Star တို့၏ အမြင်မှ ကြည့်ရှုနိုင်မည်ဖြစ်ပြီး သူတို့၏ Bromance ကို ပြသမည်ဖြစ်သည်။
အထူးသဖြင့် ဒီရုပ်ရှင်မှာ Beatles ရဲ့ နောက်ဆုံး တိုက်ရိုက်ထုတ်လွှင့်သည့် London ဖျော်ဖြေမှုလည်းပါ၀င်မှာဖြစ်ပါသည်။
Teaser တွင် ရုပ်ရှင်ဇာတ်ကားသည် ယခုနှစ် အပြီးသတ်မည်ဟု ခန့်မှန်းထားသော်လည်း Covid-19 ကြောင့် နှောင့်နှေးခဲ့သည်။ "ကျွန်တော်တို့အသက်ရှင်နေရတဲ့ ဒီအမှောင်ထုထဲမှာ အပြုံးမျက်နှာကို ပြပါ့မယ်။"လို့ ပြောခဲ့ပါသည်။
အသေးစိတ်ကို အောက်ပါ YouTube link တွင် ကြည့်ရှုနိုင်ပါသည်။