Monsta X သည် ၁၅ ရက်နေ့တွင် တရားဝင် YouTube နှင့် Naver V တိုက်ရိုက်ရုပ်သံလိုင်းများမှ မကြာသေးမီကထုတ်ပြန်ခဲ့သော တတိယမြောက်ပုံမှန်အယ်လ်ဘမ် 'FATAL LOVE' သီချင်း Love Killa ၏ special costumeဝတ်စုံဗားရှင်၏ choreography ဗီဒီယိုကိုထုတ်ပြန်ခဲ့သည်။

costume၀တ်စုံကို မဲနိုက်ပြီး ရွေးချယ်ခဲ့သည်။ MONSTA X ၏ ကိုယ်တိုင်င်ထုတ်လုပ်သည့် content 'Mon Channel' မှတဆင့်ရွေးချယ်ခြင်းလုပ်ငန်းစဉ်ကို ပရိသတ်များကြိုတင်အသိပေးခဲ့သည်။ အမည်စာရင်း တင်သွင်းခံရသည့် ၀တ်စုံအားလုံးသည် ပရိသတ်များမှ ကြိုတင်အကြံပြုထားခြင်းဖြစ်သည်။ ရလဒ်မှာ လေယာဉ်မှူးအဖြစ် Shownu၊ နည်းပညာ၀တ်စုံအဖြစ်Kihyun၊ 'Cardcaptor Cherry' မှ Xiaorang အဖြစ် Minhyuk၊ ဖြစ်သည်။ မြင်းစီးသူ၀တ်စုံအဖြစ် Hyungwon၊ ကားပြိုင်ကားသမားအဖြစ် Jooheon၊ ဘေ့စ်ဘောဝတ်စုံအဖြစ် I.M ရွေးချယ်ခဲ့သည်။
အဖွဲ့ဝင်များတစ်ဦးစီသည် ၀တ်စုံကို မိမိတို့ကိုယ်ပိုင်စတိုင်ဖြင့် လိုက်ဖက်အောင် ၀တ်ဆင်နိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် အကကွက်များသည် ကြည့်ရှုသူများ၏လေးစားမှုကို ရရှိစေခဲ့သည်။
အခြားတစ်ဖက်တွင် Monsta X သည် တတိယမြောက် Album သီချင်း “Fatal Love” ၏ “Love Killer” သီချင်းနှင့်အတူ တစ်ချိန်တည်းတွင်ဂီတထုတ်လွှင့်မှုတွင် ပထမနှင့်ဒုတိယသရဖူကို ဆွတ်ခူးရရှိခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ အနုပညာရှင်အဖြစ် ရပ်တည်နိုင်ခြင်းကိုပြသခဲ့သည်။
