
“A Love So Beautiful”သည် ပျော်ပျော်နေတတ်သော အထက်တန်းကျောင်းသူ Shin Sol (So Joo-yeon မှသရုပ်ဆောင်သည်)နှင့် သူ၏ ၁၇ နှစ်ကြာ တစ်ဖက်သတ်ကြိုက်ခဲ့သော အိမ်နီးချင်း သူငယ်ချင်း ချာဟွန်း (Kim Yo-han မှသရုပ်ဆောင်သည်)၊ သူတို့၏ ငယ်ရွယ်သောဘဝကို အတူတူဖြတ်သန်းခဲ့သော သူငယ်ချင်းများ၏ ဇာတ်လမ်းကို ပြောပြသည့် အချစ်ဇာတ်လမ်းဖြစ်သည်။ စုစုပေါင်း ၂၄ ပိုင်း၊ တစ်ပိုင်းလျှင် မိနစ် ၂၀ ခန့်ဖြင့် ထုတ်လုပ်သည်။
၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် Tencent တီဗွီတွင်ထုတ်လွှင့်ပြသခဲ့ပြီးအလွန်လူကြိုက်များခဲ့သော ဒရမ်မာ “A Love So Beautiful” (致我们单纯的小美好) ကို Kakao M သည် ကိုရီးယားပုံစံ remakeလုပ်ထားသော ဇာတ်ကားဖြစ်သည်။

Kakao M သည် “A Love So Beautiful” ၏ ပထမဆုံးscript readingတွင် မူရင်းဇာတ်ကား၏ သရုပ်ဆောင်နှင့် ဆင်သော သရုပ်ဆောင်ရွေးချယ်ခြင်း 'Cha Heon'အဖြစ် Kim Yohan မှသရုပ်ဆောင်ပြီး Shin Solအဖြစ် Soo Joo-yeon၊ Woo Daesung အဖြစ် Yeo Hui-Hyun တို့မှသရုပ်ဆောင်ခဲ့သည်။သူတို့နှင့်အတူသာအထက်တန်းကျောင်း 'Youth Summon' မိသားစုကို ဖြည့်ဆည်းမည့် Jo Hye-Joo (Kang Hayoung နေရာမှ သရုပ်ဆောင်သည်) နှင့် Jeong Jinhwan (Jeong Jinhwan နေရာမှ သရုပ်ဆောင်သည်) စသည်ဖြင့် တက်ရောက်ခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်တွင် Kakao တီဗီ၌ “A Love So Beautiful” ကို ပထမဆုံးအကြိမ်အဖြစ် ဖြန့်ချိရန်စီစဉ်ထားသည်။