Ji Chang-wook x Kim Ji-won 'Lovestruck in the city' ၂၂ရက်နေ့တွင် ပထမဆုံးအကြမ်ပြသမည်
상태바
Ji Chang-wook x Kim Ji-won 'Lovestruck in the city' ၂၂ရက်နေ့တွင် ပထမဆုံးအကြမ်ပြသမည်
  • Nang 기자
  • 승인 2020.12.08 19:49
  • 댓글 0
이 기사를 공유합니다

[BBANGYA News | Reporter Nang] သရုပ်ဆောင် Ji Chang-wook နှင့် Kim Ji-won သရုပ်ဆောင်ထားသော Kakao TV ၏ 'Lovestruck in the city' (ဒါရိုက်တာ Park Shin-woo) ကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီတွင် ပထမဆုံးအကြိမ်အဖြစ် ပြသမည်ဖြစ်ပြီး SHINee Minho သည် စစ်တပ်မှ ထွက်လာပြီး ပထမဆုံးလှုပ်ရှားမှုအဖြစ် 'Lovestruck in the city'တွင် 'Oh Dong-sik'အဖြစ် specialသရုပ်ဆောင်ပါဝင်မည်။

'Lovestruck in the city' သည် ရှုပ်ထွေးသောမြို့တစ်မြို့မှ လူငယ်တစ်ဦးနှင့် လူငယ်တစ်ဦး၏ အချစ်ဇာတ်လမ်းကိုပြသသည့် ဒရာမာဖြစ်ပြီး မြန်ဆန်သော်လည်း ဘယ်သောအခါမျှ မပေါ့သော ချစ်ခြင်းမေတ္တာသည် အရောင်အသွေးစုံလင်သော မြို့ပြရှုခင်းနှင့် ကိုက်ညီသော ပျော်စရာပေးမည့် ဒရမ်မာဟု မျှော်လင့် စောင့်စားနေကြသည်။

Park Jae-won (Ji Chang-wook မှပါဝင်သရုပ်ဆောင်သည်) သည် ဗိသုကာပညာရှင်ဖြစ်ပြီး ရိုးသားသော မည်ကဲ့သို့ချစ်ရမည်ကိုသိပြီးစိတ်ကူးယဉ်ဆန်သောမြို့ကို ကြိုက်တတ်သောသူဖြစ်သည်။ Park Jae-won ၏ နှလုံးသားထဲတွင် နွေရာသီညအိပ်မက်ကဲ့သို့ပျောက်ကွယ်သွားသော 'ကင်မရာသူခိုး'သူမကို မမေ့နိုင်သူဖြစ်သည်။

Lee Eun-oh (Kim Ji-won မှပါဝင်သရုပ်ဆောင်သည်) သည် အဓိကဇာတ်ကောင် Lee Eun-oh ဖြစ်ပြီး ဒုတိယဇာတ်ကောင်မှာ Yun Sun-ah ဖြစ်သည်။ သူသည် Jaewon ကို ချစ်ခင်တွယ်တာသူတစ်ဦးအဖြစ် သူစွန့်ခွာထွက်ခွာခဲ့သည့် မရင်းနှီးသောနေရာမှ အခြားသူတစ်ဦး ဖြစ်လာခြင်းအားဖြင့် သူကိုချစ်မြတ်နိုးသည်။ Eun-oh နှင့် Sun-a အကြား ပြောင်းလဲမှုသည် ဆွဲဆောင်မှုရှိသည်။

Oh Dong-sik (Min-Ho မှပါဝင်သရုပ်ဆောင်သည်) သည် Cheonggyecheon ရှိပြည်သူ့လုံခြုံရေးတာ၀န်ထမ်းဆောင်သည့် တတိယနှစ်ရဲအရာရှိဖြစ်ပြီး သူသည် လူတိုင်းအပေါ်ကြင်နာတတ်ပြီးစိတ်ရှည်သော်လည်း အရက်မူးလာရင် ကင်မရာသူခိုးကို ရှာမယ်လို့ ရဲစခန်းကို လာရှာတဲ့ Park Jae-won (Ji Chang-wook)ကြောင့် ဒုက္ခခံနေရသည့် ဇာတ်ကောင်ဖြစ်သည်။

'Lovestruck in the city' ဒီဇင်ဘာ ၈ ရက်တွင် ပထမဆုံးထုတ်လွှင့်ရန် စီစဉ်ထားသော်လည်း နိုဝင်ဘာ ၂၄ ရက်တွင် extra သရုပ်ဆောင်က Corona 19 ကို ရောဂါရှာဖွေတွေ့ရှိခဲ့တာကြောင့် ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီတွင် Kakao ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ရန် စီစဉ်ထားသည်။


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사