

Instagram မှ Gigi သည် မော်ဒယ်လ်အဖြစ်သို့ အလုပ်ပြန်လုပ်ခဲ့သည်။ သူမ၏ story မှာတင်လိုက်ပြီး မိခင်ဖြစ်မှုသည် မတူညီသောလုပ်ငန်းအဆင့်ဖြစ်သည်။ Gigi ၏ ကိုယ်၀န်ရသည့် သတင်းကို သက်ဆိုင်ရာမှ တရားဝင်ကြေငြာပြီးနောက် ယခုနှစ်Aprilပြီလတွင် သူမကိုယ်တိုင်ကြေငြာခဲ့သည်။
“ကျွန်မတို့ အရမ်းကို ပြောပြချင်ခဲ့ပါတယ်။ အရမ်းစိတ်လှုပ်ရှားပျော်ရွှင်မိတယ်” ပြီးတော့ ချီးကျူးဂုဏ်ပြုမှုနဲ့ ထောက်ပံ့မှုအတွက်ကျေးဇူးတင်ပါတယ်။
အထူးသဖြင့် သူက အခုလို အခြေအနေမှာကလေးငယ်နှင့် နေ့စဉ်နေ့တိုင်း အတူတူ အချိန်ကုန်ရခြင်းသည် အံ့သြဖွယ်ကောင်းသောတောက်ပသည့်မျှော်လင့်ချက်၏အမှတ်လက္ခဏာဖြစ်သည်ဟု ပြောကြားခဲ့သည်။
"ကလေးမွေးပြီးတဲ့နောက်မှာ Jane (One Direction အဖွဲ့၀င်) က ဖခင်ဖြစ်ရတာကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ပရိသတ်ကို ပြောကြားခဲ့ပါတယ်။ "ကျွန်မမှာကျန်းမာသန်စွမ်းပြီး လှပတဲ့မိန်းကလေးတစ်ယောက်ရှိပြီး အခုအချိန်မှာ ကျွန်မရဲ့ခံစားချက်တွေကို စကားနဲ့ မပြောပြနိုင်လောက်အောင်ပါပဲ။"
ဤအတောအတွင်း Gigiက Janeနှင့် သူမ၏ ကလေး၏လက်ကို Instagram တွင် black and white ဓာတ်ပုံကို တင်ခဲ့သည်။
“ကျွန်မရဲ့ သမီးက ဒီတနင်္ဂနွေမှာ ကမ္ဘာကြီးကို ရောက်လာပြီး ကျွန်မတို့ရဲ့ ကမ္ဘာကြီးကိုပြောင်းလဲခဲ့ပြီး ချစ်ခြင်းမေတ္တာနှင့်ပြည့်နေသည်။”
Gigi Hadid သည် ဆေးရုံတွင်သာမန်မွေးဖွားခြင်းမဟုတ်ဘဲ Pennsylvania ပြည်နယ် ဆင်ခြေဖုံးရှိ သူမ၏မိဘ လယ်ယာခြံတွင် စက်တင်ဘာ ၁၉ ရက်က သမီးလေး မွေးဖွားခဲ့သည်ဟု ဆိုခဲ့သည်။