ADIES' CODE အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သော Sojeong သည် အဆိုတော်နံပါတ် ၁၁ အဖြစ် စင်ပေါ်တက်ခဲ့ပြီး 'ကျွန်မက အခုဆိုရင်တော့ ပြုံးရယ်ချင်သော အဆိုတော်ပါ' လို့ သူ့ကိုယ်သူမိတ်ဆက်ခဲ့သည်။
LADIES' CODE အဖွဲ့ဝင် ၅ ဦး ပါ၀င်သော girl groupအဖွဲ့၏ code အဖွဲ့အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပွဲဦးထွက်ခဲ့သည့် girl groupများထဲတွင် ထင်ရှားကျော်ကြားမှုနှင့် တိုးတက်မှုအလားအလာကိုပြသခဲ့သော်လည်း ၂၀၁၄ စက်တင်ဘာလတွင် ကား accidentကြောင့် အဖွဲ့ဝင် Rise နှင့် Eunbi တို့ စွန့်ခွာသွားသည့် ကြေကွဲဖွယ်အဖြစ်ဆိုးကို ခံစားခဲ့ရသည်။ ကျန်တဲ့အဖွဲ့ဝင်တွေက အခက်အခဲတွေကိုကျော်လွှားပြီးတဲ့နောက် ၂၀၁၆ ဖေဖော်ဝါရီလမှာ အဖွဲ့ဝင် ၃ယောက်အဖွဲ့အနေဖြင့် ပြန်လာခဲ့တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သီးသန့်စာချုပ်သက်တမ်းကုန်သွားတဲ့အခါ အဖွဲ့ဖျက်သိမ်းခဲ့တယ်။
Sojeong သည် Im Jae-beom ၏ 'emergency'ကို သီဆိုခဲ့ပြီး သူက "ကျွန်မ ကြိုးကြိုးစားစား လုပ်နေပါတယ်။ ရှေ့လျှောက်လည်း အဲ့လိုလုပ်သွားပါမယ် အားပေးကြပါ"လို့ပြောချင်ပါတယ်။ Sojeong သည် တည်ငြိမ်သောသီဆိုနိုင်စွမ်းနှင့် စိတ်လှုပ်ရှားစေသောအသံတို့ကြောင့် “All Again”ရရှိခဲ့သည်။
၃၀ ရက်တွင် 'Sing Again' ကြည့်ရှုနှုန်းသည် ၇.၈% ရှိပြီး Nielsen ကိုရီးယားအပေါ် အခြေခံ၍ ပြီးခဲ့သည့်အပတ်က ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင် ပထမဆုံးအနေဖြင့် ၃ ပတ်ဆက်တိုက် ကြည့်ရှုနှုန်း အမြင့်ဆုံးအဆင့်ကိုမှတ်တမ်းတင်ခဲ့သည်။
အထူးသဖြင့် အကောင်းဆုံးမိနစ် ၁ မိနစ်ဖြစ်ခဲ့သည့် ၂၉ ကြိမ်မြောက်အဆိုတော်ဖြစ်သည့် Authentic Heavy Metal သည် Lim Jae-bum၏ 'Where Are You'သီချင်းဖြင့် 'All Again' ကို ရခဲ့သည့်အချိန်မှာ ၉.၅% အထိ မြင့်တက်ခဲ့သည်။
'Sing Again' EP3တွင် ထုတ်လွှင့်ခဲ့သော သီချင်းများသည် အဆိုတော် နံပါတ် (၁၁) အဆိုတော်၏ 'emergency'၊ အဆိုတော်နံပါတ် (၁)၏ 'Piano Man’၊ 'အဆိုတော်နံပါတ် (၁၇)၏ 'To you again'၊ အဆိုတော်နံပါတ် (၂၉)၏ 'Where are you၊ အဆိုတော်နံပါတ် (၃၇)၏ Ribeca'၊ အဆိုတော်နံပါတ် (၄၀)၏ 'Even Memories'၊ အဆိုတော်နံပါတ် (၆၇)၏ ‘Make Up’ စုစုပေါင်း ချင်း ၇ ပုဒ်ပါ၀င်ပြီး ၁ရက်နေ့ မွန်းတည့် ၁၂ : ၀၀ နာရီတွင် 'Sing Again EP3' အယ်လ်ဘမ်အဖြစ် ဖြန့်ချိခဲ့သည်။