'Sing Again' သည် ကြည့်ရှုနှုန်း ၅ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့သည် • အမည်မသိအဆိုတော်၏ 'နောက်တစ်ကြိမ်' အခွင့်အရေး
상태바
'Sing Again' သည် ကြည့်ရှုနှုန်း ၅ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့သည် • အမည်မသိအဆိုတော်၏ 'နောက်တစ်ကြိမ်' အခွင့်အရေး
  • Khaing 기자
  • 승인 2020.11.25 18:48
  • 댓글 0
이 기사를 공유합니다

[BBANGYA News | Reporter Khaing] JTBC ၏ 'Sing Again-unknown အဆိုတော်သည် ဖျော်ဖြေရေးအပိုင်းတွင် ကြည့်ရှုနှုန်း ၅ ရာခိုင်နှုန်းကျော်လွန်ခဲ့ပြီး ကြည့်ရှုမှု တိုးတက်နေသည်ကို တွေ့ရသည်။

'Sing Again' သည် ၂၀၂၀၊ နိုဝင်ဘာ ၁၆ ရက်မှ စတင်ကာ JTBC ၏ ဖျော်ဖြေရေး ပရိုဂရမ်အသစ်ဖြစ်သည်။ အသိအမှတ်မပြုသေးသော အရည်အချင်းရှိသောပါရမီရှင်များနှင့် နာမည်ကြီးခဲ့သော အဆိုတော်များဖြစ်သော်လည်း ယခုမေ့နေပြီဖြစ်သော အဆိုတော် စသည် 'နောက်တစ်ကြိမ်' အခွင့်အရေး လိုအပ်သော အဆိုတော်များသည် လူထုရှေ့ စတိတ်ပေါ် ပြန်လည် တက်နိုင်ရန် ကူညီပေးသော အယူအဆအသစ် ပရိုဂရမ်တစ်ခုဖြစ်သည်။
JTBC ၏ 'Sugar Man'ထုတ်လုပ်ရေးအဖွဲ့သည် စီမံကိန်းအသစ်တစ်ခုဖြင့် စတင်ခဲ့ပြီး trot နှင့် idol auditions များဖြင့်ပြည့်နှက်နေသည့် ကြားထဲမှ 'Sing Again-Unknown အဆိုတော်'၏ audition သည် အဆိုတော်များကို ရှာဖွေရန်ကြိုးပမ်းနေသည်။ ဤတွင် Lee Seung-gi သည် ၅ နှစ်ကြာပြီးနောက် အဆိုတော်အဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပြီး MC အဖြစ်ပါဝင်ခဲ့ပြီး ပရိသတ်များ ပို၍ စိတ်လှုပ်ရှားခဲ့သည်။ ထို့အပြင် genius musician Yoo Hee-yeol သည် အကဲဖြတ်ဒိုင်လူကြီးချုပ်အဖြစ် တစ်နိုင်ငံလုံးချစ် diva Lee Sun-hee၊ rock legend Jeon In-kwon၊ တစ်နိုင်ငံလုံးချစ် lyricist Kim Ina၊ ခံစားချက်ပြည့်ဝသော ball‌ad အဆိုတော် Kyu-hyun၊ အမြဲကောင်းနေသော vocalist Lee Hae-ri၊ ဖျော်ဖြေရေးဘုရင်မ Sunmi နှင့် ဘက်စုံရ rapper Song Min-hoတို့ ပါဝင်သည်။

၂၃ ရက်နေ့တွင်ထုတ်လွှင့်သော'Sing Again ၏ ဒုတိယအပိုင်းသည် တစ်နိုင်ငံလုံး တီဗီ ကြည့်ရှုနှုန်းအပေါ်အခြေခံထားသည့် ၅.၄၁၆% ကိုမှတ်တမ်းတင်ထားသည်။ ၎င်းသည် ၁၆ ရက်တွင် ပထမဆုံးထုတ်လွှင့်သော ၃.၁၆၅% မှ ၂% ထက်ပိုသော တိုးတက်ခြင်းဖြစ်ပြီး ထိုနေ့၌ ထုတ်လွှင့်သည့် ဒရာမာမဟုတ်သောအစီအစဉ်များအားလုံးတွင် ပထမနေရာတွင် ရခဲ့ရှိသည်။
အထူးသဖြင့် ဒုတိယအပိုင်း ပြီးဆုံးချိန်တွင် ထွက်လာသော အဆိုတော်နံပါတ် ၃၃ သည် “Love is always thirsty”ကိုသီဆိုခဲ့ပြီး  ကြည့်ရှုနှုန်းသည် ၇.၇% အထိ မြင့်တက်ခဲ့ပြီး တစ်နေ့တာတွင် အကောင်းဆုံးတစ်မိနစ် ကြည့်ရှုနှုန်းကို ရရှိခဲ့သည်။ အဆိုတော်နံပါတ် (၃၃) ၏ ရလဒ်များကို လာမည့်အပတ်တွင် ထုတ်ပြန်လိမ့်မည်။

ထို့အပြင် အပိုင်း ၂ တွင် ထုတ်လွှင့်သောသီချင်းများကို ၂၄ ရက်နေ့ မွန်းတည့်အချိန် ၁၂ နာရီအချိန်၌ အမျိုးမျိုးသော ဂီတဆိုဒ်များမှတဆင့် ဖြန့်ချိမည်။ 'Sing Again EP2' တွင် သီချင်း ၄ ပုဒ်ပါဝင်ပြီး အဆိုတော်နံပါတ် ၃၀ သည် "Honey"၊ အဆိုတော်နံပါတ် ၄၅ သည် 'thorn tree'၊ သီချင်း ၅၆ မှ 'Solar System' နှင့် အဆိုတော်နံပါတ် ၆၃ က 'No one' တို့ပါဝင်သည်။

JTBC ၏ 'Sing Again-Unknown အဆိုတော်ကို တနင်္လာနေ့ည ၁၀ : ၃၀ တွင် ထုတ်လွှင့်နေပြီး Discovery Channel တွင်လည်း ထုတ်လွှင့်နေပါသည်။


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사