BLACKPINK ကြီးမားသောပရိုဂျက် Teaser ကို ထုတ်ပြန်ခဲ့သည်
상태바
BLACKPINK ကြီးမားသောပရိုဂျက် Teaser ကို ထုတ်ပြန်ခဲ့သည်
  • Nang 기자
  • 승인 2020.11.23 20:01
  • 댓글 0
이 기사를 공유합니다

[BBANGYA News |Reporter Nang] BLACKPINK အဖွဲ့သည် နောက်ထပ်ကြီးမားသော ပရိုဂျက်တစ်ခုကို ရုတ်တရက် ကြေငြာခဲ့သည်။ ပထမအယ်လ်ဘမ် အပြီး ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များသည် ၂၀၂၀ ခုနှစ်၏ နောက်ဆုံးကို ဘယ်လို ပြောင်မြောက်အောင် ပြမလဲဆိုတာ အလွန်စိတ်ဝင်စားနေကြပါသည်။

YG Entertainment သည် ၂၃ ရက် နံနက် ၉ နာရီတွင် တရားဝင်ဘလော့တွင် 'BLACKPINK-AROUND THE WORLD' ခေါင်းစဉ်ဖြင့် Teaserဗွီဒီယိုကို ထုတ်လွှင့်ခဲ့သည်။

ဆိုးလ်မှစတင်ပြီး ကမ္ဘာတဝှမ်းရှိ အဓိကမြို့ကြီးများနှင့် ဒေသဆိုင်ရာမြို့ကြီးများ၏ ဓာတ်ပုံများကို ဂြိုလ်တုမြင်ကွင်းမှ ဖော်ပြထားသည်။ ထို့အပြင် Black Pink ၏ ကိုယ်စားပြု အသံနှင့်အတူ သူတို့၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော“ How You Like That” သည် ကြည့်ရှုသူများကို ရင်ခုန်စေပါသည်။

ထို့နောက် ဗီဒီယို၏ဒုတိယပိုင်းတစ်ဝက်တွင် မြို့အတော်များများ zoom outဖြစ်သွားပြီး ကမ္ဘာလုံးပေါ်တွင် ပန်းရောင်သရဖူကို ဆောင်းပေးထားပါသည်။ ဒါဟာ Black Pink ၏ ကျော်ကြားမှုနှင့် ကိုက်ညီသည်ကိုခန့်မှန်းနိုင်ပါသည်။

တစ်ဖက်တွင် BLACKPINK ၏ “DDU-DU DDU-DU” music video သည် ၂၃ ရက်နေ့ နံနက် ၃:၃၂ နာရီတွင် YouTube ၌ ကြည့်ရှုသူ ၁.၄ ဘီလီယံကျော်ခဲ့သည်။

DDU-DU DDU-DU သည် BLACKPINK ၏ ပထမဦးဆုံး mini-album 'SQUARE UP ၏ ခေါင်းစဉ်သီချင်းဖြစ်ပြီး ကမ္ဘာ့အကြည့်အများဆုံး K-POP music video နှင့် K-POP အဖွဲ့၏ နံပါတ် ၁ အဆင့်နှင့် အမြင့်ဆုံးရရှိခဲ့သည်။

 


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사