Netflix ရုပ်ရှင် “Malibu Junior Rescue Team” ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကိုးရီးယားဂျာမန်ကပြားလေး ပါဝင်
상태바
Netflix ရုပ်ရှင် “Malibu Junior Rescue Team” ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကိုးရီးယားဂျာမန်ကပြားလေး ပါဝင်
  • Nang 기자
  • 승인 2020.11.13 16:04
  • 댓글 0
이 기사를 공유합니다

[BBANGYA News|Reporter Nang] Netflix ရုပ်ရှင် “Malibu Junior Rescue Team” ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကိုးရီးယားဂျာမန်ကပြားလေး Ella gross ပါဝင်သည်။

 

အမေရိကန်ပြည်ထောင်စု၌ ကလေးသရုပ်ဆောင်နှင့် မော်ဒယ်လ်အဖြစ် ယခု ကမ္ဘာအနှံ့အပြားတွင် နာမည်ကြီးနေသော ၂၀၀၈ ခုနှစ်ဖွား Ella gross သည် ဂျာမန်ဖခင်နှင့် ကိုရီးယားမိခင်မှ မွေးဖွားခဲ့သည်။ သူမသည် အသက် ၂ နှစ်အရွယ်တွင် မော်ဒယ်လ်စတင်လုပ်ကိုင်ခဲ့ပြီး GAP, ZARA, TOMMY HILFIGER စသည်တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်တွင် နေထိုင်သော Ella grossသည် ၂ နှစ်သမီးအရွယ်တွင် ပန်းခြံတစ်ခု၌ ကစားနေချိန် အရမ်းလှတယ်လို့ ပြောကြပြီး မော်ဒယ်လ်အဖြစ် အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့သည်။

ထို့နောက် သူမသည် မဂ္ဂဇင်းများရှိ ကလေးမော်ဒယ်လ်အဖြစ် အလုပ်လုပ်ခဲ့ပြီး တစ်ချိန်တည်းတွင် ကျောင်းတက်ခဲ့သည့်  Ella gross၏ ဓာတ်ပုံကို သူမ၏မိခင်မှ Instagram တွင် တင်လိုက်သောအခါ အလွန်လူကြိုက်များလာပြီး Ella grossသည် ကမ္ဘာပေါ်တွင် အလှပဆုံးကလေးမော်ဒယ်လ်၏ အရည်အချင်းပြည့်မှီသူဖြစ်လာသည်။ ကိုရီးယားတွင် သူသည် YG Entertainment၏ The Black Label နှင့်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ZionT's 'How to Say Goodbye' ၏ music video တွင် ပါဝင်ခဲ့သည်။ သူမက "Little Jenny”ဆိုတဲ့နာမည်ပြောင်ကိုတောင် ရခဲ့တယ်။

Ella Gross သည် အောင်မြင်သော မော်ဒယ်လ်အဖြစ်သာမကသရုပ်ဆောင်အဖြစ်လည်းပါ၀င်သည်။ သူသည် အမေရိကန် တီဗီစီးရီးများတွင် <Heathers> နှင့် Star Trek <Picard> တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သူမ၏တည်ငြိမ်သောသရုပ်ဆောင်စွမ်းရည်ကို အာရုံစိုက်ခဲ့သည်။ မူရင်းစီးရီး <Malibu Rescue: The Next Wave> တွင် သူသည် Sasha ၏ နေရာတွင် သရုပ်ဆောင်ခဲ့ပြီး ထင်ရှားစွာ တွေ့မြင်နိုင်သည်။
လက်ရှိတွင် သူမ၏ SNS followersသည် ၃.၉ သန်းကျော်ရှိသည်။ သူမသည်ကလေးမော်ဒယ်များတွင် ပြိုင်ဘက်ကင်းသည်။


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사