တနင်္လာ-အင်္ဂါနေ့ဒရာမာ “Penthouse” တွင် လက်စားချေသော အကြောင်းအရာဖြင့် ကြည့်ရှုသူများပြားနေပါသည်
상태바
တနင်္လာ-အင်္ဂါနေ့ဒရာမာ “Penthouse” တွင် လက်စားချေသော အကြောင်းအရာဖြင့် ကြည့်ရှုသူများပြားနေပါသည်
  • MoMo 기자
  • 승인 2020.11.12 21:49
  • 댓글 0
이 기사를 공유합니다

[BBANGYA NEWS | Reporter Mo Mo] SBS တနင်္လာ-အင်္ဂါနေ့ဒရာမာ'Penthouse'(ဇာတ်ညွှန်း Soon-ok Kim/ ဒါရိုက်တာ Dongmin Joo/ Green Bam မီဒီယာမှထုတ်လုပ်သော) သည် အထပ် ၁၀၀ ရှိ Penthouse၏ 'Queen'VS အရာအားလုံးကို လိုချင်သော'Prima Donna VS ချမ်းသာသော အဆင့်အတန်းသို့ ဝင်ရန် ကြိုးစားနေသော 'အမျိုးသမီး'သည် စိတ်ကျေနပ်မှုမရနိုင်သော လောဘဖြင့် အိမ်၊ ခြံ၊ မြေဈေး နံပါတ် ၁ နှင့် နံပါတ် ၁ ပညာရေး အကြောင်း ရိုက်ထားသော ဒရာမာဖြစ်သည်။

၂၆ ရက်နေ့ ညနေ ၁၀ နာရီ ၁၀ မိနစ်တွင် ပထမဆုံးထုတ်လွှင့်ပြီးနောက်တွင် စိတ်လှုပ်ရှားစရာကောင်းသော ဇာတ်အိမ်ကို ပြသခဲ့သည်။

SBS ၏ တနင်္လာ-အင်္ဂါနေ့ဒရာမာ'Penthouse'(ဇာတ်ညွှန်း Soon-ok Kim/ ဒါရိုက်တာ Dongmin Joo)၊ ၁၀ ရက် ညနေတွင် ထုတ်လွှင့်သည့် Shim Su-ryun (Lee Ji-ah မှ သရုပ်ဆောင်) သည် သူမသမီး Jo Min Hy-in ၏ ဈာပနအခမ်းအနားကို ကျင်းပခဲ့သည် ပုံကို ပြသခဲ့သည်။

ပရိသတ်များကြည့်ရှုနှုန်းအဆင့်သတ်မှတ်ထားသော သုတေသနကုမ္ပဏီ Nielsen Korea က နို၀င်ဘာ ၁၀ ရက်တွင် ထုတ်လွှင့်သည့် SBS တနင်္လာ-အင်္ဂါနေ့ဒရာမာ'Penthouse' အပိုင်း ၆ သည် တစ်နိုင်ငံလုံး  ကြည့်ရှုနှုန်း ၁၀.၃% နှင့် ၁၄.၅% မှတ်တမ်းတင်ထားသည်။

လွန်ခဲ့သော ၉ ရက်နေ့တွင် ထုတ်လွှင့်သည့် အပိုင်း ၅သည် Nielsen Koreaစံနှုန်း၊ ၁၅.၈% အမြင့်ဆုံး ကြည့်ရှုနှုန်း၊ တစ်နိုင်ငံလုံးကြည့်ရှုနှုန်း ၁၂.၉% (အပိုင်း ၂) နှင့် မြို့ပြဒေသ ကြည့်ရှုနှုန်း ၁၄.၂% (အပိုင်း ၂) ဖြင့် 'တနင်္လာ-အင်္ဂါနေ့ဒရာမာ အားလုံးတွင် နံပါတ် ၁'ရရှိခဲ့သည်။ ကြော်ငြာအရာရှိများ၏ အဓိကညွှန်ကိန်းဖြစ်သော 2049 ကြည့်ရှုသူအဆင့်သတ်မှတ်ချက်သည် ၄.၉% (အပိုင်း ၂) ကိုမှတ်တမ်းတင်ခဲ့သည်။

သို့သော် လူငယ်အုပ်စုလိုက် နှိပ်စက်အနိုင်ကျင့်ခြင်း, ချုပ်နှောင်ထားခြင်း, ရိုက်နှက်ခြင်း, ဖောက်ပြန်ခြင်း, တရားမဝင် ရိုက်ကူခြင်းအထိ။ SBS ဒရာမာ <Penthouse> ကို ရက်စက်လွန်းသော setting နှင့် directing လုပ်ခြင်းကို ဝေဖန်လျက်ရှိသည်။ ဒါ့အပြင် ဒီဒရာမာတွင် အမျိုးမျိုးသော ချုပ်နှောင်ထားမှု၊ လူသတ်မှု၊ နှိပ်စက်မှု၊ ဖောက်ပြန်မှု စသည့် အငြင်းပွားဖွယ်ရာ directingများဆက်လက်ဖြစ်ပွားနေချိန်တွင် SBS မှ ၄ ရက်နေ့ ထုတ်လွှင့်သော အပိုင်းအချို့ကို '၁၉ နှစ်ကျော်မှသာ ကြည့်ရှုနိုင်သည်' အဖြစ် စီစဉ်လိမ့်မည်ဟု ကြေငြာခဲ့သည်။

 


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사