Crush သည် လုပ်ဖော်ကိုင်ဖက်များ၏ အားပေးမှုများကြားထဲတွင် ယနေ့ (၁၂ရက်) စစ်တပ်လေ့ကျင့်သင်တန်းစင်တာသို့ ၀င်ရောက်သည်
상태바
Crush သည် လုပ်ဖော်ကိုင်ဖက်များ၏ အားပေးမှုများကြားထဲတွင် ယနေ့ (၁၂ရက်) စစ်တပ်လေ့ကျင့်သင်တန်းစင်တာသို့ ၀င်ရောက်သည်
  • Khaing 기자
  • 승인 2020.11.12 21:44
  • 댓글 0
이 기사를 공유합니다

[BBANGYA NEWS | Reporter Khaing] အဆိုတော် Crush (အသက် ၂၈ နှစ်, နာမည်ရင်း Shin Hyo-seop) သည် ယနေ့ (၁၂ရက်) နေ့တွင် စစ်သားသစ် လေ့ကျင့်ရေးသင်တန်းစင်တာတွင် ၀င်ရောက်သည်ဟု သတင်းရပြီး အခြေခံစစ်လေ့ကျင့်ရေးကို ၆ ပတ်လေ့ကျင့်မှုပြီးလျှင် လူမှုရေး၀န်ဆောင်မှုကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လိမ့်မည်လို့ သိရသည်။
[Crush Instagram]

ပြီးခဲ့သည့် ၁၁ ရက်ညတွင် သူသည် စစ်တပ်ထဲ ဝင်မည့်အကြောင်းကို ဖော်ပြရန် “ㅂ2(တာ့တာ)” နှင့် ဓာတ်ပုံများကို သူ၏ SNS တွင်တင်ခဲ့သည်။ “Grey, Gaeko နှင့် Lee Hi” အပြင် အခြားအဆိုတော်များကလည်း 'ကောင်းကောင်းသွားပြီး ပြန်လာခဲ့ပါ'နှင့် 'ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါ'ကဲ့သို့သော အားပေးစကား commentsများကို ‌ရေးခဲ့သည်။
ပြီးခဲ့သည့်လက fan cafe မှတစ်ဆင့် “၂နှစ်‌‌လောက် ပရိသတ်တွေနဲ့ ခွဲခွာရမဲ့ အချိန်ရောက်လာပါပြီ" ဟု စစ်မှုထမ်းရတော့မယ့် အကြောင်းကို ပရိသတ်များထံ အသိပေးပြီး၊ "အချိန်တစ်ခုလောက် ခွဲခွာရမှာလို့ စဉ်းစားတော့ လွမ်းမိတာကြောင့် စစ်မှုထမ်းမတိုင်ခင် ကျွန်တော်၏ အရာအားလုံးကို ထည့်သွင်းပြီး သီချင်းကို ကြိုးကြိုးစားစားလုပ်ခဲ့တယ်"ဟု စစ်မှုထမ်းခြင်းမတိုင်မီ သူ၏ခံစားချက်များကိုထုတ်ဖော်ပြောကြားခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ‘with HER’သီချင်းကို ထုတ်ပြန်ခဲ့ပြီး ပရိသတ်များ အလွမ်းပြေအောင် သီချင်းသစ် ‘with HER’သည် ပရိသတ်များ၏ အားပေးချစ်မြတ်နိုးမှုရရှိနေသည်။

Tag
##Crush

관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사