'Treasure' သည် နိုဝင်ဘာ ၆ ရက်တွင် comeback လုပ်မည်ဖြစ်သည်။
상태바
'Treasure' သည် နိုဝင်ဘာ ၆ ရက်တွင် comeback လုပ်မည်ဖြစ်သည်။
  • MoMo 기자
  • 승인 2020.11.10 21:08
  • 댓글 0
이 기사를 공유합니다

[BBANGYA NEWS| REPORTER Mo Mo] YG ၏ အဖွဲ့သစ် Treasure ၏ hip-hop သီချင်းအသစ်ဖြစ်သော “MMM” ကို နိုဝင်ဘာ ၆ ရက် (၆) နာရီတွင် စတင်မိတ်ဆက်ခဲ့သည်။

YG Entertainment သည် Treasure ၏ အဖွဲ့ဝင်များ အားလုံး၏ D-DAY ပိုစတာနှင့် performance ဗီဒီယို 5 ခုမြောက်ကို 6 ရက်တွင် တရားဝင်ဘလော့ (www.yg-life.com) တွင် ဖြန့်ချိခဲ့ပြီး တစ်ချိန်တည်းမှာပင်ညနေ 6 နာရီတွင် စတင်ထုတ်လွှင့်ခဲ့သည်။

"'ORANGE'သီချင်းသည် Asahi မှ သီချင်းစာသားကို ရေးသားထားပြီး Treasure ၏ သီချင်းတွင် ပါဝင်သည့်  နေဝင်ချိန် လိမ္မော်ရောင် အောက်တွင် တစ်ယောက်နှင့် တစ်ယောက် မခွဲချင်လို့ ဆွဲထားတဲ့ သူမနှင့်သူ၏ ဇာတ်လမ်းကို ရေးသားထားသည့် နွေးထွေးသော ballad သီချင်းဖြစ်ပါတယ်"လို့ ရှင်းပြခဲ့သည်။

အဖွဲ့င် Choi Hyun-seok က "ဒီအယ်လ်ဘမ်အတွက် ရက်ပ် ရေးတဲ့အချိန်မှာ ကိုယ်ပြောချင်တာကို ထုတ်ဖော်ပြောဆိုနိုင်လို့ သဘောကျပါတယ်" ဟု ပြောကြားခဲ့သည်။ အဖွဲ့ဝင် Yoshiသည် "အခု ကျွန်‌တော် အသက်အရွယ်မှာပဲ ရေးနိုင်တဲ့ အကြောင်းအရာဖြစ်ဖြစ် ခံစားချက်ကို စာသားအဖြစ် ဖော်ပြနိုင်တာကြောင့် အရမ်းကျေးဇူးတင်တယ်ပြီး သဘောကျပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့အပြင် အဖွဲ့ဝင် Jihoon က ရက် 100 မပြည့်ခင်မှာ single album ၃ ခုထွက်လာတယ်၊ ဒါပေမယ့် ကျွန်‌တော်တို့ ဂီတအတွက် စိတ်အားထက်သန်မှုကို ပြနိုင်မယ်လို့ထင်လို့ သီချင်းရေးတဲ့ အချိန်မှာ ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်"လို့ ပြောခဲ့သည်။ 

အထူးသဖြင့် Treasure ခေါင်းစဉ်ဖြစ်သောသီချင်း MMM ၏ သီချင်းနှင့် အကကို 18 စက္ကန့်စီ 1 မိနစ် 30 စက္ကန့်ကို အရင် ပြသသည့် အကြောင်းအရင်းမှာ ကျန်အပိုင်းတစ်ဝက်တွင် energy ပိုမိုများသောကြောင့်ဖြစ်တယ်လို့ သူကပြောကြားခဲ့သည်။ ယခင်ကနဲ့ ကွဲပြားသော performanceကို ပြင်ဆင်ထားတာကြောင့် အားလုံးပဲ အားပေးကြပါလို့ ပြောကြားခဲ့သည်။

သြဂုတ်လ 7 ရက်နေ့ debut ခဲ့သော Treasureသည် ကမ္ဘာတစ်လွှား ကျော်ကြားနေပြီး အထူးသဖြင့် 'BOY' နှင့် 'I LOVE YOU' သီချင်းများသည် global chart ထိပ်ဆုံးတွင်ရှိသည်။

အထူးသဖြင့် Treasure သည် သီချင်း မထုတ်လွှင့်မီ 1 နာရီ 30 မိနစ် မတိုင်ခင်  နိုဝင်ဘာ 6 ရက် ညနေ 4 : 30 မှ Naver's V Live Appတွင် 'Countdown Live' မှတစ်ဆင့် ကမ္ဘာတဝှမ်းမှ ပရိသတ်များနှင့် တွေ့ဆုံပြီး သီချင်းအသစ်ကို အားလုံးမျှော်လင့်စောင့်စားနေကြသည်။


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사