Lee Seung-gi၊ အဆိုတော်အဖြစ် ၅ နှစ်ကြာမှ ပြန်လည်ရောက်ရှိလာသည်
상태바
Lee Seung-gi၊ အဆိုတော်အဖြစ် ၅ နှစ်ကြာမှ ပြန်လည်ရောက်ရှိလာသည်
  • MoMo 기자
  • 승인 2020.11.10 21:02
  • 댓글 0
이 기사를 공유합니다

[BBANGYA NEWS| REPORTER Mo Mo] အချိန်ကြာမြင့်စွာ သရုပ်ဆောင်ခြင်းနှင့် ဖျော်ဖြေသူအဖြစ် သရုပ်ဆောင်ခြင်းကိုအာရုံစိုက်ခဲ့သူ Lee Seung-giသည် အဆိုတော်အဖြစ် ပြန်လည်ရောက်ရှိလာသည်။

Lee Seung-gi သည် သူ၏ 7 ကြိမ်မြောက်အယ်လ်ဘမ်ကို ဒီဇင်ဘာလတွင် တရားဝင်ဖြန့်ချိရန် စီစဉ်ထားပြီး Yoon Jong-shin မှ ရေးသားသော The Obvious Man ကို နိုဝင်ဘာလ 15 ရက်နေ့တွင် ကြိုတင်ထုတ်ပြန်ရန် စီစဉ်ထားသည်။ အထူးသဖြင့် ဇူလိုင်လတွင် SBS TV ၏ 'Master in the house' တွင် ပြသခဲ့သော 'Forbidden Love' သီချင်းသည် YouTube တွင် ကြည့်ရှုသူ 7 သန်းကျော်သွားပြီး ပရိသတ်များသည် Lee Seung-gi၏ သီချင်းကို ပြန်ကြားချင်တယ်ဆိုသော comment တွေများပြားသောကြောင့် ပြန်လည်ရောက်ရှိလာရန်အခွင့်အလမ်းဖြစ်ခဲ့သည်။

Lee Seung-gi ၏အေဂျင်စီ Hook Entertainment က Lee Seung-gi ၏ 'Forbidden Love' ပြီးနောက် စိတ်အားထက်သန်စွာ တုန့်ပြန်မှုပေးသောပရိသတ်များ၏ တောင်းဆိုမှုများကို တုံ့ပြန်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး စိတ်အားထက်သန်စွာ အဆိုတော်အဖြစ် ပြန်လာရန်ဆုံးဖြတ်ခဲ့သည်။ "Lee Seung-gi ပြန်လာတာကိုအားလုံးပဲ ကြိုးကြိုးစားစား ပြင်ဆင်ထားတဲ့ Lee Seung-gi၏ ပြန်လာခြင်းကို အားပေးကြပါ"ဟု ပြောကြားခဲ့သည်။

ထို့အပြင်သူက Yoon Jong-shin အပြင် လူကြိုက်များသော ထုတ်လုပ်သူများ ပါဝင်ပြီး Lee Seung-gi ၏ အရင်ပုံစံနှင့် 180 ဒီဂရီကွဲပြားခြားနားသော ဂီတအသစ်ကို တင်ဆက်ရန် 7 ကြိမ်မြောက် အယ်လ်ဘမ်တွင် ပြင်ဆင်နေပါသည်"ဟုပြောကြားခဲ့သည်။


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사