Jeong-eum Hwang သည် ၄.၆ ဘီလီယံဖြင့် အိမ်ဝယ်ယူခဲ့သည်။ Lee Young-don နှင့် လက်ထပ်ပြီး (၄) နှစ်အကြာတွင် ကွာရှင်းခဲ့သည် "အကြောင်းရင်းကတော့ privacy" ဖြစ်ပါသည်။
상태바
Jeong-eum Hwang သည် ၄.၆ ဘီလီယံဖြင့် အိမ်ဝယ်ယူခဲ့သည်။ Lee Young-don နှင့် လက်ထပ်ပြီး (၄) နှစ်အကြာတွင် ကွာရှင်းခဲ့သည် "အကြောင်းရင်းကတော့ privacy" ဖြစ်ပါသည်။
  • MoMo 기자
  • 승인 2020.09.07 19:40
  • 댓글 0
이 기사를 공유합니다

[BBANGYA News | သတင်းထောက် Mo Mo] သရုပ်ဆောင် Hwang Jung-eum သည် လက်ထပ်ပြီး (၄) နှစ်အကြာတွင် ကွာရှင်းခဲ့ကြောင်း သတင်းကိုကြေငြာခဲ့ပြီး အားလုံးစိတ်ဝင်စားနေကြပြီး ကွာရှင်းခဲ့သည့် အကြောင်းရင်းကတော့ privacy ဖြစ်သည်။

လွန်ခဲ့သော ၂ရက်နေ့တွင် တာ၀န်ရှိသူများစွာ၏အဆိုအရ Hwang Jung-eum သည် ကွာရှင်းပြတ်စဲမှုလျှောက်ထားခြင်းကို Suwon ခရိုင်တရားရုံး Seongnam ဌာနခွဲသို့တင်ပြခဲ့သည်။ ကွာရှင်းမှုညှိနှိုင်းခြင်းဆိုသည်မှာ တရား၀င်ရုံးတင်စစ်ဆေးခြင်းမပြုဘဲနှင့် လင်မယားတိုင်ပင်ဆွေးနွေးခြင်းဖြင့် လင်မယားအချင်းချင်း ညှိနှိုင်းပြီး ကွာရှင်းပြတ်စဲခြင်းကို ဆုံးဖြတ်သည့် အဆင့်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်စလုံးက ညှိနှိုင်းချက်ကို သဘောတူပါက နောက်ဆုံးတရားစီရင်ချက်၏ရလဒ်နှင့်အတူတူပင် အကျိုးသက်ရောက်မှုရှိပြီး ညှိနှိုင်းချက်ကို သဘောမတူပါက ကွာရှင်းမှုတရားရုံးတက်ရမည်။

Hwang Jung-eum သည် လွန်ခဲ့သော ၂၀၁၆ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ဂေါက်ရိုက်သမားနှင့် စီးပွားရေးသမား Lee Young-don နှင့် လက်ထပ်ခဲ့ပြီး တစ်နှစ်အကြာ သြဂုတ်လတွင် သားမွေးခဲ့သည်။

နောက်တစ်နေ့ ၃ရက်တွင် Hwang Jung-eum ၏ အေဂျင်စီဖြစ်သော CJeS Entertainment က “Hwang Jung-eumသည် ကွာရှင်းမှုဆိုင်ရာညှိနှိုင်းခြင်းလျှောက်လွှာတင်ခဲ့သည်မှာမှန်ပါသည်။ ဖြစ်နိုင်ရင် ကွာရှင်းပြတ်စဲမှုကို ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်သွားပါမည်။”ဟု ပြောပြီး "အသေးစိတ်အကြောင်းရင်းကတော့ privacyဖြစ်တာကြောင့် နားလည်ပေးဖို့ တောင်းဆိုပါတယ်"ဟု ပြောဆိုခဲ့သည်။


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사