Son Ye-jin သည် ၃၀ ရက်နေ့တွင် သီးသန့်အွန်လိုင်းဂျပန်ပရိသတ်တွေ့ဆုံပွဲပြုလုပ်ခဲ့သည်
상태바
Son Ye-jin သည် ၃၀ ရက်နေ့တွင် သီးသန့်အွန်လိုင်းဂျပန်ပရိသတ်တွေ့ဆုံပွဲပြုလုပ်ခဲ့သည်
  • MoMo 기자
  • 승인 2020.09.01 18:16
  • 댓글 0
이 기사를 공유합니다

[BBANGYA News | Reporter Mo Mo] မင်းသမီး Son Ye-jin(ပုံပါ)သည် ဂျပန်ပရိသတ်များနှင့် အွန်လိုင်းပရိသတ်တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့သည်။ “Crash Landing on Love” ဒရာမာသည် ဂျပန်တွင်လူကြိုက်များမှုအတွက် fan serviceပေးခြင်း ဖြစ်သည်။

၂၀ ရက်နေ့တွင် 'The Television' ပြည်တွင်းသတင်းမီဒီယာများအဆိုအရ ' Crash Landing of Love' အမျိုးသမီးဇာတ်ကောင် Son Ye-jin သည် ဂျပန်နိုင်ငံတွင် ၃၀ ရက်နေ့ ညနေ ၉ နာရီတွင် 'LINE LIVE-VIEWING'၏ 'Live Movie TV Channel'မှတဆင့် အွန်လိုင်းပရိတ်သတ်တွေ့ဆုံပွဲကို ပြုလုပ်ခဲ့သည်။ Son Ye-jin သည် ဆိုးလ်မြို့ရှိ စတူဒီယိုတစ်ခုတွင် ရိုက်ကူးခဲ့ပြီး ဂျပန်ပရိတ်သတ်များကတော့ အွန်လိုင်းမှတဆင့် Son Ye-jinနှင့် တွေ့ဆုံသည့် ပုံစံဖြစ်သည်။ အွန်လိုင်းပရိတ်သတ်တွေ့ဆုံပွဲဖြစ်ပေမဲ့ ဂျပန်နိုင်ငံတွင် Hallyu နှင့်ပတ်သက်သော eventက မလုပ်တာ ကြာပြီဖြစ်သည်။


ဒီအွန်လိုင်းပရိတ်သတ်တွေ့ဆုံပွဲသည် 'Love Crash Landing' ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုရန် စီစဉ်ခဲ့သည်။  Son Ye-jin သည် ဤပရိတ်သတ်တွေ့ဆုံပွဲတွင် ဒရာမာ နောက်ခံအကြောင်း(behind story)အပြင် Son Ye-jin ၏ debut တုန်းက အကြောင်းများနှင့် အိမ်မှာ ဘယ်လို နေနေလဲ ဆိုသည်ကို ပြောပြီး အချိန်နှင့် တပြေးညီ ပရိတ်သတ်နှင့် အမေးအဖြေလုပ်ခဲ့သည်။ ထို့အပြင် event winners တွေကို Son Ye-jin မှ လက်မှတ်ရေးထိုးထားသောလက်ဆောင်ကို ပေးပို့လိမ့်မည်။ အွန်လိုင်းပရိတ်သတ်တွေ့ဆုံပွဲသည် လက်မှတ်ဝယ်ရပါသည်။ လက်မှတ်တစ်စောင်လျှင် လူတစ်ဦးလျှင် ယန်း ၁၈၀၀(၀မ် ၂၀၀၀၀ ခန့်)ဖြစ်သည်။


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사