
[Bangya News | သတင်းထောက် Mo Mo] April၏ Naeun သည် Red Velvet Yeri က ကိုယ်တိုင်ပြုလုပ်သော လည်ဆွဲ ပုံကို တင်ခဲ့သည်။
Naeun သည် လွန်ခဲ့သော ၁၀ ရက်နေ့တွင် Instagram storyတွင် “Yeriရေ ပထမ ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ဆွဲခဲ့တာ အရမ်း လိုက်တယ်” ဟူသော စာနှင့် ပုတီးလည်ဆွဲကို ဝတ်ဆင်ထားတဲ့ ပုံကိုတင်ခဲ့သည်။ ၄င်းတွင် Yeri က“ ပထမ ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ကျွန်မ ကိုယ်တိုင်လုပ်ခဲ့တဲ့ လည်ဆွဲကို ဆွဲခဲ့တယ်” ဟု Naeun ၏ ဓာတ်ပုံကိုတင်ခြင်းဖြင့် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ Naeun နှင့် Yeri တို့သည် ၁၉၉၉ တွင်မွေးဖွားခဲ့ပြီး အသက်အရွယ်တူကြပြီး ယခင်က တစ်ဦးနှင့်တစ်ဦး ဓာတ်ပုံများတင်ခြင်းအားဖြင့် ရင်းနှီးသောမိတ်ဆွေဖြစ်ကြောင်း တွေ့ရသည်။ Naeun သည် သြဂုတ်လ ၉ ရက်တွင် Doyeon WikiMiki နှင့်ထုတ်လွှင့်သည့် Yeri ၏ YouTube content'Sharp Room'တွင် guest အဖြစ် ပါဝင်ခဲ့သည်။

ထို့အပြင် Naeun ၏ အဖွဲ့ April သည် လွန်ခဲ့သော ဇူလိုင်လ ၂၉ ရက်တွင် special single 'Hello Summer' ကိုထုတ်လွှင့်ခဲ့ပြီး Yeri သည် လွန်ခဲ့သော ၇ ရက်နေ့တွင် VIXX၏ Ravi နှင့် Kim Woo-seok အတူ Cool၏ နာမည်ကြီးသီချင်း 'Aesang' ကို remake ထုတ်ပြန်ခဲ့သည်။