'Justin Bieber၏ Manager Scooter Brown သည် K-Pop အကြောင်းအရာဖြင့် ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်မည်ဖြစ်သည်။
상태바
'Justin Bieber၏ Manager Scooter Brown သည် K-Pop အကြောင်းအရာဖြင့် ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်မည်ဖြစ်သည်။
  • Nang 기자
  • 승인 2020.08.07 18:28
  • 댓글 0
이 기사를 공유합니다

[Bangya News | Nang သတင်းထောက် ] ဟောလိဝုဒ်၏ ပထမဆုံး K-pop အကြောင်းအရာဖြင့် ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်မည်ဖြစ်သည်။

“ Seoul Searching” ရုပ်ရှင်၏ ဒါရိုက်တာ Benson Lee သည် အထွေထွေဖျော်ဖြေရေးအေဂျင်စီ SB Project နှင့် Epic Magazine နှင့် ပူးပေါင်း၍ K-pop ရုပ်ရှင်ကို ပြသမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ ကြီးပြင်းခဲ့သော အာရှတက္ကသိုလ်မှ ကျောင်းသားတစ်ဦးသည် သူ့မိသားစု၏ အတိုက်အခံကြားမှ ကိုရီးယားနိုင်ငံ၏ အပြိုင်အဆိုင် အများဆုံး audition အစီအစဉ်တွင် ပါဝင်ပြိုင်ဆိုင်ပြီး အောင်မြင်သူဖြစ်လာခြင်း အကြောင်းအရာဖြစ်ပြီး သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် Elise Hollanderသည် ဇာတ်ညွှန်းရေးပြီး Scooter Brown သည် ထုတ်လုပ်သူအဖြစ် ပါဝင်သည်။ ရုပ်ရှင်ခေါင်းစဉ်နှင့် အဓိကသရုပ်ဆောင်များ၏ အမည်များ စသည့်အသေးစိတ်အချက်အလက်များကိုမူ မထုတ်ပြန်ရသေးပါ။

SB Project သည် အထွေထွေဖျော်ဖြေရေး အေဂျင်စီတစ်ခုဖြစ်ပြီး Justin Bieber နှင့် Ariana Grande တို့ကိုစီမံခန့်ခွဲသော Scooter Brownမှ တည်ထောင်ခဲ့သည်။ ၎င်းသည် ဂီတတံဆိပ်နှင့် ထုတ်ဝေခြင်း၊ ရုပ်ရှင်နှင့် တီဗွီအစီအစဉ်များ ထုတ်လုပ်သည့် အေဂျင်စီအဖြစ် အမျိုးမျိုးသော အပိုင်းတွင် ပါဝင်ပြီး ယခုအချိန်ထိ Justin Bieber ၏ ရှိုးပွဲရုပ်ရှင် 'Never Say Never' နှင့် 'Believe'၊ ပေါ့ပ်အဆိုတော် Taylor Swiftက ပါဝင်သရုပ်ဆောင်ထားသော SF ရုပ်ရှင် 'The Gibber' ကို ထုတ်လုပ်ခဲ့သည်။ SB Project သည် လွန်ခဲ့သော ၂၀၁၈ ခုနှစ်တွင် K-pop အကြောင်းအရာဖြင့် ရိုက်ထားသော ရုပ်ရှင် 'Intitled K-Pop Project' ကို  ထုတ်လုပ်ရန်အစီအစဉ်ကို ကြေငြာခဲ့သော်လည်း "ဟောလိဝုဒ်တွင်ပြုလုပ်သော K-pop ရုပ်ရှင်များသည် သိပ်သဘာဝ မကျပါ" ဟု မီဒီယာမှ တိုက်ခိုက်ခြင်းကို ခံရပြီး ရပ်တန့်ခဲ့ဖူးသည်။

 

 


관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사