V, ကိုယ်တိုင်ရေးထားသော သီချင်း၏ အပိုင်းအချို့ကို တင်ပြီးဖျက်လိုက်သည်... Mixtape သီချင်း ဖြစ်မလား
상태바
V, ကိုယ်တိုင်ရေးထားသော သီချင်း၏ အပိုင်းအချို့ကို တင်ပြီးဖျက်လိုက်သည်... Mixtape သီချင်း ဖြစ်မလား
  • Nang 기자
  • 승인 2020.07.02 19:34
  • 댓글 0
이 기사를 공유합니다

[BBANGYA News | သတင်းထောက် Park Kyung-soo] BTS V သည် လွန်ခဲ့သော ၁ရက်နေ့တွင် twitterမှာ ကိုယ်တိုင်ရေးထားသော သီချင်း၏ အပိုင်းအချို့ကို တင်ခဲ့ပါသည်။ Vသည် "ပြီးတော့ မပြီးသေးပေမဲ့ Spoiler နားထောင်ပြီး စောင့်ပေးပါ" ဆိုပြီး ၄၀ စက္ကန့်အရှည် သီချင်းကို တင်ခဲ့သည်။  

ပရိသတ်များက အရင်က Liveတိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောခဲ့သော တစ်ကိုယ်တော်တိပ်ခွေအတွက် ဖြစ်လောက်တယ်ဟုထင်မြင်ကြသည်။

ပြီးခဲ့သည့် Liveတိုက်ရိုက်ထုတ်လွှင့်မှုတွင် လက်ရှိအခြေအနေအကြောင်း မေးကြသော ပရိသတ်များအား V က “ ဒီနှစ်ထဲမှာ Mixtape ထွက်နိုင်အောင် လုပ်ဖို့ ကြိုးစားနေတယ်” ဟုပြောခဲ့သည်။

V ပြောပုံအရ၊ လက်ရှိမှာသီချင်း ၈ ပုဒ်ရေးထားသည်၊ သို့သော် ဘယ်သီချင်းက ဘယ်နေရာတွင် ပါမယ်ဆိုတာကို မသိရသေးပါ။ ပရိသတ်များ၏ community တွင် ပရိသတ်တစ်ဦးမှ ရေးထားတဲ့ သီချင်း ပုံစံက ဘယ်လိုမျိုးလဲလို မေးသောအခါ Vက commentဖြင့် ကျွန်တော်ပြောချင်တဲ့ စကားတွေကို ရေးခဲ့တာကြောင့် army တွေလဲ ကြိုက်လိမ့်မယ်ထင်တယ်” ဟုတုံ့ပြန်ခဲ့သည်။ V က Twitter မှာ  တင်ခဲ့တဲ့ သီချင်းကို ဖျက်လိုက်ပြီ ဖြစ်သည်။

 

Mixtape သည် စီးပွားဖြစ်ရည်ရွယ်ချက်များအတွက် ထုတ်လွှင့်သောအယ်လ်ဘမ်များနှင့် hip-hop ယဉ်ကျေးမှုတွင်ပါ၀င်သောသီချင်းများသည်ကွဲပြားခြားနားသည်။ အဆိုတော်များတစ်ဦးချင်း ရေးစပ်ထားသောသီချင်းများကိုရည်ညွှန်းပြီး များသောအားဖြင့်စီးပွားဖြစ်မဟုတ်သောရည်ရွယ်ချက်ဖြင့် အခမဲ့ဖြန့်ဝေခြင်းသို့မဟုတ်ပရိတ်သတ်ဝန်ဆောင်မှုအတွက်စျေးပေါပါသည်။ BTS မှ RM၊ J-Hope နှင့် Sugarသည် Mixtapeကို မကြာခဏဖြန့်ချိခဲ့သည်။

V သည် အရင်ကလဲ တစ်ကိုယ်တော်သီချင်းများစွာကို ရေးစပ်သီဆိုခဲ့သည်။ RM နှင့် အတူဆိုခဲ့သော '4 O'CLOCK'၊ Sound Cloudတွင်ထုတ်လွှင့်ခဲ့သော'Landscape' နှင့် 'Winter Bear' သာမက 'Itewon Class'၏ OST Sweet Nightကိုလည်း သီဆိုထားပြီး လူကြိုက်များခဲ့သည်။

 

Tag
##BTS #V

관련기사

댓글삭제
삭제한 댓글은 다시 복구할 수 없습니다.
그래도 삭제하시겠습니까?
댓글 0
댓글쓰기
계정을 선택하시면 로그인·계정인증을 통해
댓글을 남기실 수 있습니다.
주요기사